Friday, July 4, 2014

My Dad


သမီးလေးနဲ့မတွေ့ရတာ တစ်လရှိပြီ။
ခရီးတွေ သွားရတာကတောက်လျှောက်။
အိမ်ပြန်ဖို့က စိတ်သာရှိတယ်၊ အမိန့်နဲ့တာဝန်တွေက တစ်ဖက်။
သမီးလေးကိုလည်း အရမ်းလွမ်းတယ်။ တွေ့ချင်လှပါပေါ့။
သမီးဦးလေးဆိုတော့ ဖေ့ဖေ့မှာ အရိပ်တကြည့်ကြည့်နဲ့ ချစ်လိုက်ရတာ။
သမီးလေးရဲ့ စကားပြောသံလေးတွေကိုပဲ ဖေဖေကြားနေမိတယ်။
ငါးရုပ်လေးခေါင်းပေါ်တင်ပြီး မေ့နားမေ့နား ( မေ့ငါး မေ့ငါး ) ဆိုပြီး ဈေးရောင်းနေတတ်တဲ့သမီးလေး။
ဗေ, ဗေ, ဒါ, ဒါ ဗေဒါ, ဗေဗေဒါ ဆိုပြီး မပီကလာနဲ့ စကားလုံးလေးတွေ မရေရွတ်တတ်သေးတဲ့ သမီးလေး။
အရမ်းချူချာတဲ့ သမီးလေး နေကောင်းပါ့မလား။ 
မေမေကများ သမီးလေးကို ဆူငေါက်နေဦးမလား။
စကားတွေ တော်တော်များတတ်နေပြီလား။
ဝရန်တာလက်ရန်းတွေကြားကနေ ဖေဖေပြန်အလာကိုမျှော်နေတတ်တဲ့ သမီးလေး။
ဖေဖေပြန်လာမယ့် အချိန်ကြရင် ဖေဖေ့ ကိုမှတ်မိပါဦးမလား။
သမီးလေး ဖေဖေ့ကိုလွမ်းသလို ဖေဖေကလည်း သမီးလေးကိုလွမ်းလှပါပေါ့။
                                                              ဖေဖေ (ခေတ္တ အဝေး)                                                                       

တကယ်တမ်းတော့ သမီးတို့က ဖေဖေ့ကိုချစ်သလို ဖေဖေကလည်းသမီး တို့ကိုချစ်မှာပါပဲ။
တစ်စုံတစ်ယောက်ပြောဖူးသလို ဖေဖေလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့။
ဖေဖေ ဘယ်နေရာပဲရောက်နေနေ ဘာတွေပဲလုပ်နေနေ အဖေဟာ အဖေပါပဲ။
ဖေဖေ ရှိနေသေးတယ်ဆိုတဲ့ အသိတစ်ခုနဲ့တင် အင်အားတွေဖြစ်စေပါတယ်။
ဖေဖေဟာ သမီးတို့အတွက်တော့ သူရဲကောင်းတစ်ယောက်ပါပဲ။
တစ်ချိန်ချိန်မှာတော့ ဖေဖေ့ အရိပ်အောက်မှာ သမီးတို့နေနိုင်ပါလိမ့်မယ်။
သမီးတို့ရင်ခွင်ထဲ ကိုလည်း ဖေဖေပြန်လာဦးမှာပေါ့။ သမီးတို့အားလုံး ဖေဖေ့ကိုလွမ်းနေပါတယ်။
( ဖေဖေ့ မွေးနေ့အမှတ်တရ အဖြစ် ဒီပိုစ့် လေးကိုရေးပါသည်။
  ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ။ )







04.07.2014

12:55 AM

Yoon Wathan