|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
Friday, July 4, 2014
My Dad
Sunday, June 15, 2014
အကြော်တစ်ခု
အကြော်တစ်ခု
မိသားစုနဲ့ဝေးပြီး
တာဝန်ပေးတဲ့ဆီသွားနေရတာ
စိတ်ဆင်းရဲစရာတစ်ခုပါ
လစာကမလောက်မင
ကြောက်လိုက်ရတာကလည်းစုံလို့
အော်ဒါနဲ့-
ဟိုနေ့ကစာလာတယ်
ဖေဖေရယ်....အဆင်ပြေရင်ပို့လိုက်ပါအုံးတဲ့
အပြန်ပြန်ဖတ်ကြည့်
ရင်ထဲမှာမချိ
လက်ထဲမှာလည်းငွေမရှိ
လစာက ငါးသောင်းကျော်
လကုန်လို့မှမမော်ရဲ
ဟိုဆိုင်မှာဆီကြွေးကဘယ်လောက်
ဒီစားသောက်ဆိုင်မှာက ဘယ်ဒင်း
ဂါလိုက်ရတာကဘယ်ကဲ့သို့
ဒါတွေကိုစုပေါင်း
ငါးသောင်းကျော်နဲ့အင်အားပြိုင်
နိုင်တာက ထမင်းဖိုးသာသာ
ဘယ်မှာလာပို့နိုင်တော့မှာလည်း
ကိုယ့်အထုပ်ကိုဖြေပြ
ရှက်လည်းရှက်လှပါပေါ့
ကံကိုသာအကြောင်းပြုလို့
သမီးရေ.....
အကြော်တစ်ခု သုံးယောက်သာလုကြပေတော့
ဖေသစ်
( ၂၀၁၀ ခုနှစ်က ဖေဖေ့ရဲ့ ခံစားချက် ကဗျာလေးပါ။
အဖေများနေ့အမှတ်တရပေါ့။ ဖေဖေကျန်းမာပျော်ရွှင်ပါစေ။)
Tuesday, June 10, 2014
မိုးတွေရွာမှဖြင့်လျှင်ကွယ်.....
Yoon Wathan :( :(
Thursday, May 29, 2014
အလုပ်မရှိတုန်းလေ
Hotel Life တွေရဲ့ဘ၀ပေါ့ ။Low season ရောက်ပြီဆိုတော့ အလုပ်ကမရှိသလောက်ပါပဲ။ နေ့စဉ်အလုပ်တွေကိုက ပါးသွားပြီဆိုတော့ အားတာနဲ့ coffee သောက်လိုက် website တွေရှာကြည့်လိုက်နဲ့ blog ကိုလည်းစိတ်ဝင်စားသွားတာ။ အားတုန်ယားတုန်းပေါ့။ ဟိဟိ
Low season ကြီးက တကယ်မိုက်တာကိုးလို့ ။ အချိန်ပြည့် online တက်လို့လည်းရတယ် ။ သယ်ရင်းတွေနဲ့ chat လို့လည်းရတယ် ။
မန်းလေးနေက တအားပူပေမယ့် မှုစရာကိုမလိုတာ။ aircon ခန်းထဲမှာ အေးဆေးပဲပေါ့ ။ စည်းစိမ်တစ်မျိုးဆိုလည်းဟုတ်။ Low season က April ကနေစပြီလေ။ April, May, June, July, August ဆိုပါတော့။ ငါးလလောက်ကတော့ Annual Leave ယူလိုက် ၊ Comp ယူလိုက်နဲ့ (သူများတွေပြောပါတယ်) ကိုယ်တွေကတော့ Finance ဆိုတော့ မရှိလို့မရဘူးလေ။ အလွန်ဆုံးရ သုံးရက်ပေါ့။ ဒီနှစ်တော့ခရီးလေးတောင် မထွက်နိုင်တဲ့ ဘ၀ရောက်နေပေါ့ ။ အဲတော့လည်း ဘာခက်လဲ ။ Google Map ကနေ ခရီးထွက်လိုက်တာ နေရာကိုစုံရော ။ အထက်ပိုင်းကို သွားလိုက်တာ ခါကာဘိုရာဇီ တောင်ထိပ် ထိကိုရောက်ရော ။ အဲဒါနဲ့တင် အားမရသေးဘူး ။ ဒီတစ်ခါတော့ oversea သွားကြည့်မယ်နော်။ Paris ဖြစ်ဖြစ် ၊ London ဖြစ်ဖြစ်ပေါ့ ။ ပိုက်ဆံကုန်တာမှမဟုတ်ဘဲ။ အလုပ်မရှိတုန်းလေးပေါ့နော် ။ :) :) :)
Subscribe to:
Posts (Atom)
