| သမီးလေးနဲ့မတွေ့ရတာ
တစ်လရှိပြီ။ |
| ခရီးတွေ သွားရတာကတောက်လျှောက်။ |
| အိမ်ပြန်ဖို့က စိတ်သာရှိတယ်၊
အမိန့်နဲ့တာဝန်တွေက တစ်ဖက်။ |
| သမီးလေးကိုလည်း အရမ်းလွမ်းတယ်။
တွေ့ချင်လှပါပေါ့။ |
| သမီးဦးလေးဆိုတော့ ဖေ့ဖေ့မှာ
အရိပ်တကြည့်ကြည့်နဲ့ ချစ်လိုက်ရတာ။ |
| သမီးလေးရဲ့
စကားပြောသံလေးတွေကိုပဲ ဖေဖေကြားနေမိတယ်။ |
| ငါးရုပ်လေးခေါင်းပေါ်တင်ပြီး
မေ့နားမေ့နား ( မေ့ငါး မေ့ငါး ) ဆိုပြီး ဈေးရောင်းနေတတ်တဲ့သမီးလေး။ |
| ဗေ, ဗေ, ဒါ, ဒါ ဗေဒါ, ဗေဗေဒါ
ဆိုပြီး မပီကလာနဲ့ စကားလုံးလေးတွေ မရေရွတ်တတ်သေးတဲ့ သမီးလေး။ |
| အရမ်းချူချာတဲ့ သမီးလေး
နေကောင်းပါ့မလား။ |
| မေမေကများ သမီးလေးကို
ဆူငေါက်နေဦးမလား။ |
| စကားတွေ
တော်တော်များတတ်နေပြီလား။ |
| ၀ရန်တာလက်ရန်းတွေကြားကနေ
ဖေဖေပြန်အလာကိုမျှော်နေတတ်တဲ့ သမီးလေး။ |
| ဖေဖေပြန်လာမယ့် အချိန်ကြရင်
ဖေဖေ့ ကိုမှတ်မိပါဦးမလား။ |
| သမီးလေး ဖေဖေ့ကိုလွမ်းသလို
ဖေဖေကလည်း သမီးလေးကိုလွမ်းလှပါပေါ့။ |
| ဖေဖေ (ခေတ္တ အဝေး) | | | |
|
| တကယ်တမ်းတော့ သမီးတို့က
ဖေဖေ့ကိုချစ်သလို ဖေဖေကလည်းသမီး တို့ကိုချစ်မှာပါပဲ။ |
| တစ်စုံတစ်ယောက်ပြောဖူးသလို
ဖေဖေလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့။ |
| ဖေဖေ ဘယ်နေရာပဲရောက်နေနေ
ဘာတွေပဲလုပ်နေနေ အဖေဟာ အဖေပါပဲ။ |
| ဖေဖေ ရှိနေသေးတယ်ဆိုတဲ့
အသိတစ်ခုနဲ့တင် အင်အားတွေဖြစ်စေပါတယ်။ |
| ဖေဖေဟာ သမီးတို့အတွက်တော့
သူရဲကောင်းတစ်ယောက်ပါပဲ။ |
| တစ်ချိန်ချိန်မှာတော့ ဖေဖေ့
အရိပ်အောက်မှာ သမီးတို့နေနိုင်ပါလိမ့်မယ်။ |
| သမီးတို့ရင်ခွင်ထဲ ကိုလည်း
ဖေဖေပြန်လာဦးမှာပေါ့။ သမီးတို့အားလုံး ဖေဖေ့ကိုလွမ်းနေပါတယ်။ |
| ( ဖေဖေ့ မွေးနေ့အမှတ်တရ အဖြစ်
ဒီပိုစ့် လေးကိုရေးပါသည်။ |
| ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ။ ) |
No comments:
Post a Comment