Thursday, May 29, 2014

အလုပ်မရှိတုန်းလေ


Hotel Life တွေရဲ့ဘ၀ပေါ့ ။Low season ရောက်ပြီဆိုတော့ အလုပ်ကမရှိသလောက်ပါပဲ။ နေ့စဉ်အလုပ်တွေကိုက ပါးသွားပြီဆိုတော့ အားတာနဲ့ coffee သောက်လိုက် website တွေရှာကြည့်လိုက်နဲ့ blog ကိုလည်းစိတ်ဝင်စားသွားတာ။ အားတုန်ယားတုန်းပေါ့။ ဟိဟိ
Low season ကြီးက တကယ်မိုက်တာကိုးလို့ ။ အချိန်ပြည့် online တက်လို့လည်းရတယ် ။ သယ်ရင်းတွေနဲ့ chat လို့လည်းရတယ် ။
မန်းလေးနေက တအားပူပေမယ့် မှုစရာကိုမလိုတာ။ aircon ခန်းထဲမှာ အေးဆေးပဲပေါ့ ။ စည်းစိမ်တစ်မျိုးဆိုလည်းဟုတ်။ Low season က April ကနေစပြီလေ။ April, May, June, July, August ဆိုပါတော့။ ငါးလလောက်ကတော့ Annual Leave ယူလိုက် ၊ Comp ယူလိုက်နဲ့ (သူများတွေပြောပါတယ်) ကိုယ်တွေကတော့ Finance ဆိုတော့ မရှိလို့မရဘူးလေ။ အလွန်ဆုံးရ သုံးရက်ပေါ့။ ဒီနှစ်တော့ခရီးလေးတောင် မထွက်နိုင်တဲ့ ဘ၀ရောက်နေပေါ့ ။ အဲတော့လည်း ဘာခက်လဲ ။ Google Map ကနေ ခရီးထွက်လိုက်တာ နေရာကိုစုံရော ။ အထက်ပိုင်းကို သွားလိုက်တာ ခါကာဘိုရာဇီ တောင်ထိပ် ထိကိုရောက်ရော ။ အဲဒါနဲ့တင် အားမရသေးဘူး ။ ဒီတစ်ခါတော့ oversea သွားကြည့်မယ်နော်။ Paris ဖြစ်ဖြစ် ၊ London ဖြစ်ဖြစ်ပေါ့ ။ ပိုက်ဆံကုန်တာမှမဟုတ်ဘဲ။ အလုပ်မရှိတုန်းလေးပေါ့နော် ။ :) :) :)

No comments:

Post a Comment