
တစ်နေ့က
မန်းလေးမှာ မိုးတွေရွာတယ်။ မန်းလေးသူ မန်းလေးသားတွေ မျှော်လင့်နေကြတဲ့မိုး ။ အညှိုးနဲ့ရွာနေပါပြီ။
ရွာတဲ့မိုးကလည်း အချိန်ကောင်းအခါကောင်း ၅ နာရီ။ နောက်ထပ်တစ်နာရီနေရင် ရုံးဆင်းတော့မယ်။
မိုးတွေရွာနေတာ လှလိုက်တာ ။ တိမ်တွေညိုမဲနေတဲ့ ကောင်းကင်ကြီးနောက်ခံနေတဲ့ မန်းလေးတောင်ကြီးရယ်
လေယူရာတိမ်းနေတဲ့ အုန်းပင်တွေနဲ့ ရေကူးကန်ပြာပြာကြီးက လွမ်းစရာကောင်းနေတယ်။ မိုးရွာတာကို
တော်တော်များများ သဘောကျကြမယ်ထင်တယ်။ ကိုယ်လည်း မိုးရွာတာကိုအရမ်းပျော်တယ်။ မိုးရေထဲမှာ
စိတ်လွတ်လက်လွတ် လမ်းလျှောက်ရတာကိုလည်း ပျော်တယ်။ မကောင်းတဲ့အကျင့်လို့ပြောကြမလား မိုးရွာရင်
မိုးကာမ၀တ်ချင်ဘူး ထီးလည်းမဆောင်းချင်ဘူး။ မိုးရေတွေကို အတားအဆီးမရှိ ထိတွေ့လိုက်ရတဲ့
အရသာကို အရမ်းကြိုက်တယ်။ မိုးရွာတော့ ပိုသတိရမိတာက ရွှေကျီးပေါင်မုန့် တစ်ချပ်နဲ့ မီးပျက်နေတဲ့
ရပ်ကွက်လေးကိုသတိရတယ်။ နောက်ပြီး ချစ်စရာကောင်းတဲ့ မှေးတုတ် ဆိုတဲ့ ကောင်လေးတစ်ယောက်။
မိုးရွာတိုင်းတိတ်ဆိတ်သွားတတ်တဲ့ ကျုံးဘေးရယ် သူဝတ်ပေးတတ်တဲ့ မိုးကာထူထူရယ်။ ကိုယ်သတိရတာကိုတော့
သူတို့သိမယ်လို့ မထင်ပါဘူး။ ဖြစ်နိုင်တာက ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်က မီးပျက်နေတဲ့
ရပ်ကွက်လေးမှာရွှေကျီးပေါင်မုန့်စားရင်း မိုးခိုနေမလား? ကိုယ့်အငွေ့အသက်ကျန်နေနိုင်သေးတဲ့
မိုးကာလေးကို သူကပဲဝတ်ပေးနေမလား? ချစ်စရာကောင်းတဲ့ ကောင်လေးကရော ကိုယ့်ကိုမေ့ပြီး အခြားတစ်ယောက်က
ိုခင်တွယ်နေပြီလား ? အရာအားလုံးပဲဖြစ်နေနိုင်သလို သူလည်းပဲ အရာအားလုံးကို သတိရနေနိုင်ပါတယ်လေ
။ ကိုယ်ကတော့ မိုးတွေရွာမှဖြင့် အလွမ်းတွေပဲ ပိုနေမိတာပါ။
Yoon Wathan :( :(
No comments:
Post a Comment